- အင်ဂျင်ဝိုင်
မော်တာဆီလို့လည်း သိကြပြီး Liquids ၆ မျိုးထဲမှာ အရေးကြီးဆုံးအရည် ဖြစ်ပါတယ်။ မိတ်ဆွေတို့သိကြတဲ့အတိုင်း အင်ဂျင်ရဲ့ ရွေ့လျားနေတဲ့အစိတ်အပိုင်းတွေကို ချောဆီပေးကာ ပွတ်တိုက်မှုနှင့် ဟောင်းနွမ်းမှုများကို လျှော့ချပေးပြီး အင်ဂျင်ကို အေးစေပါတယ်။ ပုံမှန်အားဖြင့် မိုင် ၃၀၀၀ မှ ၇၅၀၀ တိုင်း အင်ဂျင်ဝိုင်နဲ့ ဆီစစ်ကို လဲလှယ်သင့်ပါတယ်။
- ကမ္ဘာ့ထိပ်တန်း အရည်အသွေးမြင့် Mobil အင်ဂျင်ဝိုင်မှာ မိတ်ဆွေတို့ရဲ့ မော်တော်ကားအမျိုးမျိုးနဲ့ မောင်းနှင်မှုပုံစံအမျိုးမျိုးအတွက် SAE grade မျိုးစုံကို အရည်အသွေးစိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ပါတယ်ခင်ဗျာ။
- Coolant
Coolant က အင်ဂျင်အပူလွန်ကဲခြင်းနဲ့ ရေဆူလွယ်ခြင်းမှ ကာကွယ်မှုပေးနိုင်ရုံမက သံချေးလိုက်ခြင်းနှင့် ပွန်းစားခြင်းများကိုလည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မိတ်ဆွေကားရဲ့အင်ဂျင်လည်ပတ်နေချိန်မှာ လိုအပ်တဲ့အပူချိန်အတိုင်း ရှိနေအောင် ထိန်းထားပေးနိုင်ပြီး အင်ဂျင်ရဲ့စွမ်းဆောင်ရည် ကျဆင်းမသွားအောင် ကူညီပေးနိုင်ပါတယ်။
- Mobil Anti-freeze Extra က Concentrate ဖြစ်တာကြောင့် Mobil Anti-freeze 50% ကို ရေ 50% ရောစပ်အသုံးပြုနိုင်တာမို့ မိတ်ဆွေတို့အတွက် “တွက်ခြေကိုက်၊ သည်းခြေကြိုက်” ဖြစ်ရုံမက စွမ်းဆောင်ရည်မြင့် ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါတယ်ခင်ဗျာ။
- Brake Fluid
ဘရိတ်ဆီမရှိဘဲ မိတ်ဆွေရဲ့ကားကို အရှိန်လျှော့ဖို့ ဒါမှမဟုတ် အလုံးစုံရပ်တန့်ဖို့ မဖြစ်နိုင်ပါဘူး။ ဘရိတ်ဆီတွေဟာ Hygroscopic ဆီမျိုးဖြစ်တာကြောင့် လေထုထဲက ရေကိုစုပ်ယူလေ့ရှိပြီး သုံးစွဲတာ အချိန်ကြာလာတာနဲ့အမျှ ဘရိတ်ဆီထဲမှာ ရေခိုးရေငွေ့ကပျော်ဝင်ပြီး အရည်အသွေးကျဆင်းလာတက်ပါတယ်။ ဒါကြောင့်မို့ ဘရိတ်ဆီကို သတ်မှတ်ကာလထိပဲ သုံးစွဲဖို့၊ ဘရိတ်ဆီအရည်အသွေးကို မှန်မှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
- Mobil ရဲ့ Mobil Brake Fluid DOT 4 ဟာဆိုရင် DOT 3 နှင့် DOT 4 အဆင့်စွမ်းဆောင်ရည် လိုအပ်တယ်လို့ တောင်းဆိုထားတဲ့ ကားများအားလုံးနှင့် ဒစ် (disc) ဘရိတ်၊ ဒရမ် (drum) ဘရိတ်၊ Anti-lock ဘရိတ်စနစ်နှင့် ကလပ်စနစ်အားလုံးမှာ အသုံးပြုနိုင်ပါတယ်ခင်ဗျာ။
- Transmission Fluid
အင်ဂျင်ဝိုင်ကဲ့သို့ပင် ဂီယာအရည်က Transmission ထဲမှာရှိတဲ့ gear နဲ့ clutch စတဲ့ စက်ပစ္စည်းတွေ လည်ပတ်တဲ့အခါ ဂီယာအချိန်းအပြောင်း ချောမွေ့နေစေဖို့အတွက် ချောဆီကဲ့သို့ ဆောင်ရွက်ပေးတာပဲ ဖြစ်ပါတယ်။
- Mobil ATF 3309, Mobil CVTF3320 နဲ့ Mobil MultiPurpose ATF တို့ဟာ စွမ်းဆောင်ရည်မြင့်မားပြီး အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်တွေပဲ ဖြစ်ပါတယ်ခင်ဗျာ။
- Power Steering Fluid
ပါဝါစတီယာရင်အရည်က ကားတစ်စီး ချောမွေ့စွာမောင်းနှင်နိုင်စေရန်အတွက် အစွမ်းထက်တဲ့ ဖြေရှင်းချက်တစ်ခုဖြစ်ပါတယ်။ ပါဝါစတီယာရင်အရည်မရှိဘဲ မောင်းနှင်နေမယ်ဆိုရင် မိတ်ဆွေရဲ့ကားစတီယာရင်ဘီးက တောင့်တင်းလာပြီးတော့ လှည့်ရခက်ခဲလာမှာပါ။ ကားမှာ ပါဝါစတီယာရင်အရည်နည်းတာက အလွန်အန္တရာယ်များတာကြောင့် တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ် စစ်ဆေးသင့်ပါတယ်။
- Mobil ရဲ့ Mobil MultiPurpose ATF ကို Power Steering မှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်ခင်ဗျာ။
- Windshield Wiper Fluid
မိတ်ဆွေကားရဲ့ လေကာမှန်ကို သန့်ရှင်းနိုင်ဖို့အတွက် Windscreen washer fluid ကို အသုံးပြုသင့်ပါတယ်။ ကားအတွက် သိပ်ပြီး အရေးမပါဘူးလို့ ထင်ရပေမဲ့ တကယ်တော့ ကားမောင်းတဲ့အခါ မြင်ကွင်းကောင်းကောင်းနဲ့ မြင်ရဖို့၊ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ဖို့အတွက်က အရေးကြီးပါတယ်။
ဒီအရည် ၆ မျိုးကို ပုံမှန်စစ်ဆေးခြင်းနဲ့ ထိန်းသိမ်းပေးခြင်းက မိတ်ဆွေကားရဲ့သက်တမ်းကို သိသိသာသာ တိုးစေပြီး ပျက်စီးမှုများနှင့် ကုန်ကျစရိတ်များတဲ့ ပြုပြင်မှုများမှလည်း ကာကွယ်ပေးပါတယ်။ သတ်မှတ်ထားတဲ့ ပြုပြင်ထိန်းသိမ်းမှုကာလများနဲ့ အရည်သတ်မှတ်ချက်များအတွက်
Owner’s Manual စာအုပ်ကို ကိုးကားသင့်ပြီးတော့ အင်ဂျင်ဝိုင်လဲချိန်တိုင်းမှာ မိတ်ဆွေကားမှာရှိတဲ့ အရည်အားလုံးကို စစ်ဆေးသင့်ပါတယ်။