About Mobil Delvac Brand

1925 ခုနှစ်ကစလို့ ဒီဇယ်အင်ဂျင်တွေရဲ့ သမိုင်းကြောင်းဟာ Mobil Delvac နဲ့ အတူ ပြောင်းလဲလာခဲ့ပါတော့တယ်။
ပထမဆုံးအနေနဲ့ Mobil Delvac ဆိုတာက
D-iesel
E-ngine
L-ubricant
VAC-uum လို့ အဓိပ္ပါယ်ရပါတယ်။
၁၉၂၅ ခုနှစ် - ဒီဇယ်အင်ဂျင်တွေမှာ ဖြစ်လေ့ရှိတဲ့ မြင့်မားတဲ့ဖိအား (High pressure) နှင့် အပူထုတ်လွှတ်ခြင်းများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် Exxon Mobil ကို စတင်တည်ထောင်ခဲ့တဲ့ Vacuum Oil Company မှ ပညာရှင်များက အထူးဆီဖော်မြူလာကို တီထွင်ခဲ့ပါတယ်။ Vacuum Oil Company မှ ၁၉၂၅ ခုနှစ်တွင် Diesel Engine Lubricant by Vacuum Oil ကို စတင် မူပိုင်ခွင့်တင်သွင်းခဲ့ပြီး "DELVAC" လို့ ခေါ်တွင်စေခဲ့ကာ Mobil Delvac အမှတ်တံဆိပ် ပေါ်ပေါက်လာခဲ့ပါတယ်။
၁၉၄၀ ခုနှစ် - ဒုတိယကမ္ဘာစစ်ပြီးနောက် လုပ်ငန်းသုံးယာဉ်များတွင် ဒီဇယ်အင်ဂျင်ကို အသုံးပြုမှုတွင်ကျယ်လာခဲ့ပြီး ဒီဇယ်အင်ဂျင်များအတွက် အထူးထုတ်လုပ်ထားတဲ့ ပထမဆုံးဆီများထဲမှ တစ်ခုဖြစ်သော Mobil Delvac ကို ဒီဇယ်အင်ဂျင်များတွင် အသုံးပြုမှု များပြားလာခဲ့ပါတယ်။
၂၀၀၅ ခုနှစ် - ဩစတေးလျနိုင်ငံ၊ Queensland မှာ ဇူလိုင် ၁၆ ရက်နေ့တွင် Mobil Delvac ကို အသုံးပြုထားတဲ့ Kenworth T400 ကို ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ကမ္ဘာ့အမြန်ဆုံး ဒီဇယ်စွမ်းအင်သုံးထရပ်ကားအဖြစ် အသိအမှတ်ပြုခဲ့ပြီး၊ တစ်နာရီလျှင် ပျမ်းမျှအမြန်နှုန်း ၁၈၂ ကီလိုမီတာ (113 MPH) ကျော်ထိ မောင်းနှင်နိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် - ရာစုနှစ်တွေပြောင်းလဲကုန်ဆုံးလာပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဆိုရင်တော့ Mobil Delvac ရဲ့ "Delvac Engine Oil" ဟာ မူပိုင်ခွင့်တင်သွင်းပြီး နာမည်တစ်လုံးနဲ့ရပ်တည်လာခဲ့တာ နှစ်ပေါင်း ၉၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။
မကြာမီ ၂၀၂၅ ခုနှစ်မှာဆိုရင်တော့ Mobil Delvac Engine Oil ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။
နှစ်ပေါင်း ၁၀၀ ဝန်းကျင် သမိုင်းမှာ Mobil Delvac ဟာ ဒီဇယ်လောင်စာဆီသုံး အင်ဂျင်များရဲ့ တိုးတက်လာတဲ့ နည်းပညာများနှင့် မြင့်မားတဲ့ အရည်အသွေးလိုအပ်ချက်များကို စဥ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုနှင့် ထူးကဲသာလွန်တဲ့ စွမ်းဆောင်ရည်များဖြင့် ကူညီပံ့ပိုးခဲ့ပါတော့တယ်။