ကားတစ်စီး ဘေးအန္တရာယ်ကင်းကင်းနဲ့ ချောမွေ့စွာမောင်းနှင်နိုင်ဖို့အတွက် သုံးကိုသုံးသင့်တဲ့ Liquids ၆ မျိုးအကြောင်း

  1. အင်ဂျင်ဝိုင်
မော်တာဆီလို့လည်း သိကြပြီး Liquids ၆ မျိုးထဲမှာ အရေးကြီးဆုံးအရည် ဖြစ်ပါတယ်။ မိတ်ဆွေတို့သိကြတဲ့အတိုင်း အင်ဂျင်ရဲ့ ရွေ့လျားနေတဲ့အစိတ်အပိုင်းတွေကို ချောဆီပေးကာ ပွတ်တိုက်မှုနှင့် ဟောင်းနွမ်းမှုများကို လျှော့ချပေးပြီး အင်ဂျင်ကို အေးစေပါတယ်။ ပုံမှန်အားဖြင့် မိုင် ၃၀၀၀ မှ ၇၅၀၀ တိုင်း အင်ဂျင်ဝိုင်နဲ့ ဆီစစ်ကို လဲလှယ်သင့်ပါတယ်။
  • ကမ္ဘာ့ထိပ်တန်း အရည်အသွေးမြင့် Mobil အင်ဂျင်ဝိုင်မှာ မိတ်ဆွေတို့ရဲ့ မော်တော်ကားအမျိုးမျိုးနဲ့ မောင်းနှင်မှုပုံစံအမျိုးမျိုးအတွက် SAE grade မျိုးစုံကို အရည်အသွေးစိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ပါတယ်ခင်ဗျာ။
 
  1. Coolant
Coolant က အင်ဂျင်အပူလွန်ကဲခြင်းနဲ့ ရေဆူလွယ်ခြင်းမှ ကာကွယ်မှုပေးနိုင်ရုံမက သံချေးလိုက်ခြင်းနှင့် ပွန်းစားခြင်းများကိုလည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မိတ်ဆွေကားရဲ့အင်ဂျင်လည်ပတ်နေချိန်မှာ လိုအပ်တဲ့အပူချိန်အတိုင်း ရှိနေအောင် ထိန်းထားပေးနိုင်ပြီး အင်ဂျင်ရဲ့စွမ်းဆောင်ရည် ကျဆင်းမသွားအောင် ကူညီပေးနိုင်ပါတယ်။
  • Mobil Anti-freeze Extra က Concentrate ဖြစ်တာကြောင့် Mobil Anti-freeze 50% ကို ရေ 50% ရောစပ်အသုံးပြုနိုင်တာမို့ မိတ်ဆွေတို့အတွက် “တွက်ခြေကိုက်၊ သည်းခြေကြိုက်” ဖြစ်ရုံမက စွမ်းဆောင်ရည်မြင့် ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါတယ်ခင်ဗျာ။
 
  1. Brake Fluid
ဘရိတ်ဆီမရှိဘဲ မိတ်ဆွေရဲ့ကားကို အရှိန်လျှော့ဖို့ ဒါမှမဟုတ် အလုံးစုံရပ်တန့်ဖို့ မဖြစ်နိုင်ပါဘူး။ ဘရိတ်ဆီတွေဟာ Hygroscopic ဆီမျိုးဖြစ်တာကြောင့် လေထုထဲက ရေကိုစုပ်ယူလေ့ရှိပြီး သုံးစွဲတာ အချိန်ကြာလာတာနဲ့အမျှ ဘရိတ်ဆီထဲမှာ ရေခိုးရေငွေ့ကပျော်ဝင်ပြီး အရည်အသွေးကျဆင်းလာတက်ပါတယ်။  ဒါကြောင့်မို့ ဘရိတ်ဆီကို သတ်မှတ်ကာလထိပဲ သုံးစွဲဖို့၊ ဘရိတ်ဆီအရည်အသွေးကို မှန်မှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
  • Mobil ရဲ့ Mobil Brake Fluid DOT 4 ဟာဆိုရင် DOT 3 နှင့် DOT 4 အဆင့်စွမ်းဆောင်ရည် လိုအပ်တယ်လို့ တောင်းဆိုထားတဲ့ ကားများအားလုံးနှင့် ဒစ် (disc) ဘရိတ်၊ ဒရမ် (drum) ဘရိတ်၊ Anti-lock ဘရိတ်စနစ်နှင့် ကလပ်စနစ်အားလုံးမှာ အသုံးပြုနိုင်ပါတယ်ခင်ဗျာ။
 
  1. Transmission Fluid
အင်ဂျင်ဝိုင်ကဲ့သို့ပင် ဂီယာအရည်က Transmission ထဲမှာရှိတဲ့ gear နဲ့ clutch စတဲ့ စက်ပစ္စည်းတွေ လည်ပတ်တဲ့အခါ ဂီယာအချိန်းအပြောင်း ချောမွေ့နေစေဖို့အတွက် ချောဆီကဲ့သို့ ဆောင်ရွက်ပေးတာပဲ ဖြစ်ပါတယ်။
  • Mobil ATF 3309, Mobil CVTF3320 နဲ့ Mobil MultiPurpose ATF တို့ဟာ စွမ်းဆောင်ရည်မြင့်မားပြီး အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်တွေပဲ ဖြစ်ပါတယ်ခင်ဗျာ။
 
  1. Power Steering Fluid
  ပါဝါစတီယာရင်အရည်က ကားတစ်စီး ချောမွေ့စွာမောင်းနှင်နိုင်စေရန်အတွက် အစွမ်းထက်တဲ့ ဖြေရှင်းချက်တစ်ခုဖြစ်ပါတယ်။ ပါဝါစတီယာရင်အရည်မရှိဘဲ မောင်းနှင်နေမယ်ဆိုရင် မိတ်ဆွေရဲ့ကားစတီယာရင်ဘီးက တောင့်တင်းလာပြီးတော့ လှည့်ရခက်ခဲလာမှာပါ။ ကားမှာ ပါဝါစတီယာရင်အရည်နည်းတာက အလွန်အန္တရာယ်များတာကြောင့် တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ် စစ်ဆေးသင့်ပါတယ်။
  • Mobil ရဲ့ Mobil MultiPurpose ATF ကို Power Steering မှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်ခင်ဗျာ။
 
  1. Windshield Wiper Fluid
မိတ်ဆွေကားရဲ့ လေကာမှန်ကို သန့်ရှင်းနိုင်ဖို့အတွက် Windscreen washer fluid ကို အသုံးပြုသင့်ပါတယ်။ ကားအတွက် သိပ်ပြီး အရေးမပါဘူးလို့ ထင်ရပေမဲ့ တကယ်တော့ ကားမောင်းတဲ့အခါ မြင်ကွင်းကောင်းကောင်းနဲ့ မြင်ရဖို့၊ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ဖို့အတွက်က အရေးကြီးပါတယ်။   ဒီအရည် ၆ မျိုးကို ပုံမှန်စစ်ဆေးခြင်းနဲ့ ထိန်းသိမ်းပေးခြင်းက မိတ်ဆွေကားရဲ့သက်တမ်းကို သိသိသာသာ တိုးစေပြီး ပျက်စီးမှုများနှင့် ကုန်ကျစရိတ်များတဲ့ ပြုပြင်မှုများမှလည်း ကာကွယ်ပေးပါတယ်။ သတ်မှတ်ထားတဲ့ ပြုပြင်ထိန်းသိမ်းမှုကာလများနဲ့ အရည်သတ်မှတ်ချက်များအတွက် Owner’s Manual စာအုပ်ကို ကိုးကားသင့်ပြီးတော့ အင်ဂျင်ဝိုင်လဲချိန်တိုင်းမှာ မိတ်ဆွေကားမှာရှိတဲ့ အရည်အားလုံးကို စစ်ဆေးသင့်ပါတယ်။