စွယ်ဆုံရမင်းသားကြီး Mobil Delvac ရဲ့ညီ စွယ်စုံရမင်းသားလေး Mobil Delvac Modern 15W-40 CI4-7.5L
ပြောရဦးမယ်ဗျာ .........စွယ်စုံရမင်းသားလေးဆိုတာက သူ့အစ်ကိုကြီး Mobil Delvac လိုဘဲ ဒီဇယ်လောင်စာဆီသုံး အိမ်စီးကားတွေ၊ကုန်တင်ကားကြီးတွေ၊မြို့တွင်းနှင့်နယ်ဝေးသွား ခရီးသည်တင်ကားတွေဆောက်လုပ်ရေးလုပ်ငန်းသုံး သတ္ထုတူးဖော်ရေလုပ်ငန်းသုံး စက်ယန္တရားတွေ၊လယ်ယာသုံးစက်တွေ၊လုပ်ငန်းသုံး မီးစက်တွေနှင့်သင်္ဘောတွေ စသည့်နယ်ပယ်အသီးသီးမှာ အသုံးပြုနိုင်ပါတယ်။ Synthetic Technology နည်းပညာနှင့်ထုတ်လုပ်ထားတဲ့ Mobil Delvac MX SAE 15W-40 7.5L Engine Oil ကတော့ API CI-4 /ACEA E7 JASO DH-1ရရှိထားလို့ ယခုခေတ်ပေါ် Turbocharge ပါဝင်တဲ့ ဒီဇယ်အင်ဂျင်သုံးကားတွေနဲ့ Common-rail စနစ်ပါတဲ့ ဒီဇယ်ကားတွေမှာပါအသုံးပြုနိုင်ပါတယ် ခင်ဗျာ။ Mobil Delvac MX 15W-40 CI 4 ကတော့ CI4 သုံးဖို့ ညွှန်းဆိုထားတဲ့ ဒီဇယ်အင်ဂျင်တိုင်းအတွက် သင့်လျော်ပြီး၊ အပူချိန်နဲ့ ဖိအားဒဏ်ကို ကောင်းစွာခံနိုင်ခြင်း၊ ဆီသားပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်တက်တဲ့ အင်ဂျင်အတွင်းပိုင်း ပွန်းစားမှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်ခြင်း စတဲ့အချက်များကြောင့် အင်ဂျင်ကို သန့်ရှင်းစေပြီး၊ အမြန်မောင်းနှင်ခြင်း၊ အနှေးမောင်းခြင်း၊ ရပ်နားခြင်းစတဲ့ အပြောင်းအလဲတွေမှာလည်း အင်ဂျင်ကို အကောင်းဆုံး ကာကွယ်ပေးပြီး၊ အင်ဂျင်သက်တမ်းကို ကြာရှည်စေပါတယ်။
အကောင်းတကာ့အကောင်းဆုံး အင်ဂျင်ဝိုင် "Mobil 1" Product ကတော့ 1974 ခုနှစ်ကစတင် ပြီး USA မှထုတ်လုပ် ဖြန့်ချီခဲ့တာဖြစ်ပါတယ် ။ အခု 2024 ခုနှစ်မှာတော့"Mobil 1" ရဲ့ နှစ် 50 ပြည့်ရွှေရတု အထိမ်းအမှတ်ကို ရောက်ရှိလို့လာပါပြီခင်ဗျာ။ ကမ္ဘာ့ထိပ်တမ်းစံချိန်မှီ အရည်အသွေးကောင်းမွန်မှု့နဲ့ အင်ဂျင်သက်တမ်းကို ကြာရှည်စွာ စွမ်းဆောင်ပေးနိုင်တဲ့ Mobil 1 ရဲ့ နှစ် "50" ပြည့် *ရွေရတုအထိမ်းအမှတ်*ကို မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ