Mobil Brake Fluid Dot 4 နဲ့ ဆိုရင် စိတ်သွားတိုင်း ဘရိတ်ပါနိုင်ပါပြီ

ကားတစ်စီးရဲ့အသက်က အင်ဂျင်ဖြစ်ပင်မဲ့ ဘေးအန္တရာယ်တွေ မဖြစ်စေရေးအတွက်ကတော့ ယာဉ်ကို ရပ်တန့်နိုင်မဲ့ ဘရိတ်က အရေးကြီးပါတယ်။ ဒီလိုပဲ ကားတစ်စီးမြန်မြန်သွက်သွက်သွားနိုင်ဖို့အတွက် အင်ဂျင်ဝိုင်ကောင်းကောင်းလိုသလို စိတ်အေးလက်အေးနဲ့ အချိန်တိုတိုအတွင်း ရပ်တန့်နိုင်ဖို့ကတော့ ဘရိတ်ဆီကောင်းကောင်း လိုအပ်ပါတယ်။
ဘေးအန္တာရယ်ကင်းကင်းနဲ့ သွားလာနိုင်ရေးမှာ အရေးကြီးတဲ့ဘရိတ်စနစ်အတွက် ဘရိတ်ဆီလဲဖို့ မေ့နေတယ်ဆိုတာက “လယ်ထွန်သွား နွားမေ့” ဆိုသလို အရေးကြီးဆုံးအရာကို မေ့လျော့နေတာဖြစ်တာမို့ သတိထားသင့်ပါတယ်။ ဘရိတ်ဆီကို ကီလိုဘယ်လောက်အထိ သုံးစွဲပြီးရင် လဲလှယ်သင့်တယ်ဆိုတာကို Owner’s Manual ထဲမှာ ကြည့်ရှုနိုင်ပြီး Owner’s Manual ကို ရှာမတွေ့တော့ဘူးဆိုရင်တော့ ကီလို ၄၀,၀၀၀ သို့မဟုတ် နှစ်နှစ်ကို တစ်ကြိမ် သတိထားပြီး လဲလှယ်ပေးသင့်ပါတယ်ခင်ဗျာ။
- Mobil Brake Fluid DOT 4 ဟာဆိုရင် အပူချိန်ခံနိုင်ရည်မြင့်မားတာကြောင့် ဘရိတ်စနစ်ရဲ့စွမ်းဆောင်ရည်ကို အမြင့်မားဆုံးမှာရှိနေအောင် ထိန်းသိမ်းပေးနိုင်ပြီး ယိုစိမ့်မှုအနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်တာမို့ ဘရိတ်စနစ်အစိတ်အပိုင်းများရဲ့ သက်တမ်းကိုလည်း ကြာရှည်ခံစေပါတယ်။
- DOT 3 နှင့် DOT 4 အဆင့်စွမ်းဆောင်ရည် လိုအပ်တယ်လို့ တောင်းဆိုထားတဲ့ ကားများအားလုံးနှင့် ဒစ် (disc) ဘရိတ်၊ ဒရမ် (drum) ဘရိတ်၊ ‌Anti-lock ဘရိတ်စနစ်နှင့် ကလပ်စနစ်အားလုံးမှာ အသုံးပြုနိုင်တာမို့ - စိတ်ချယုံကြည်စွာနဲ့ Mobil ဘရိတ်ဆီကိုသာ သုံးစွဲလိုက်ပါခင်ဗျာ။
ဘရိတ်ဆီအတွက် ချောဆီနဲ့ပတ်သက်ရင် စိတ်ချယုံကြည်ရတဲ့ Mobil ကိုမှ သုံးစွဲချင်ရင်တော့ Mobil Brake Fluid DOT 4 ကို အမြို့မြို့ အနယ်နယ်က အရောင်းဆိုင်ကြီးများနှင့် Hotline Phone No: 09 799799801-3 တို့မှာ ဝယ်ယူနိုင်ပါတယ်။