Principles of Engine Oil

ဒီအချက်တွေကို သိထားရင် မိတ်ဆွေရဲ့ကားအတွက် အင်ဂျင်ဝိုင်အကောင်းစား သုံးဖို့ တွေ‌‌၀ေနေ‌‌မှာ မဟုတ်တော့ပါဘူး။ မိတ်ဆွေတို့ရဲ့ တန်ဖိုးထားရတဲ့ မော်တော်ကားအင်ဂျင်တွေမှာ အသုံးပြုနေတဲ့ အင်ဂျင်ဝိုင်ဆိုတာက မော်တော်ကားအင်ဂျင်တွေ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ သက်တမ်းရှည်ကြာစွာ အလုပ်လုပ်နိုင်ဖို့အတွက် အရမ်းကို အရေးပါတဲ့ ချောဆီပဲ ဖြစ်ပါတယ်။ အင်ဂျင်ဝိုင်တွေဟာ ၁။ ချောဆီပေးခြင်း ၂။ ဆီးလ်အဖြစ်ပြုလုပ်ပေးခြင်း ၃။ အအေးခံခြင်း ၄။ သန့်စင်စေခြင်း ၅။ သံချေးကာကွယ်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးပါတယ်။

၁။ ချောဆီပေးခြင်း

အင်ဂျင်ဝိုင်ကို အသုံးပြုရခြင်းရဲ့ အဓိကရည်ရွယ်ချက် တစ်ခုဖြစ်ပြီးတော့ သတ္တုအစိတ်အပိုင်းများကြား ပွတ်တိုက်မှုကို လျော့နည်းစေပြီး ကုန်ကျစရိတ်များတဲ့ ပြုပြင်ထိန်းသိမ်းစရိတ်တွေကို လျှော့ချပေးပါတယ်။ အင်ဂျင်ဝိုင်က ပစ္စတင်၊ ဆလင်ဒါ ၊ ဘယ်ရင်နှင့် ဂီယာ အစရှိတဲ့ အစိတ်အပိုင်းများကြား နေရာယူစိမ့်ဝင်သွားပြီးနောက် ချောဆီပေးခြင်းဖြစ်စဥ်ကို ဖြစ်ပေါ်စေပြီး အင်ဂျင်လည်ပတ်မှုကို ချောမွေ့စေတာပဲ ဖြစ်ပါတယ်။

၂။ ဆီးလ်အဖြစ်ပြုလုပ်ပေးခြင်း

ပစ္စတင်နှင့် ဆလင်ဒါနံရံကြားရှိ အင်ဂျင်ဝိုင်ဆီအလွှာပါးလေးက ဖိသိပ်မှု (compression) နှင့် လောင်ကျွမ်းမှု (combustion) ဖြစ်စဉ်များအတွင်း လောင်ခန်းအတွင်းရှိ လောင်စာဓာတ်ငွေ့များကို လုံခြုံစေပြီး စွမ်းအင်ကို ထိရောက်စွာထုတ်လုပ်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် အင်ဂျင်ဝိုင်က ဆီးလ်အဖြစ်ပြုလုပ်ပေးပြီးတော့ အင်ဂျင်ပါဝါကို တိုးစေပြီး ဆီစားနှုန်းကိုလည်း သက်သာစေတာပဲ ဖြစ်ပါတယ်။

၃။ အအေးခံခြင်း

လောင်စာဆီ လောင်ကျွမ်းနေစဉ်အတွင်း အင်ဂျင်အစိတ်အပိုင်းများအကြား လောင်ကျွမ်းမှုမှ ထွက်လာတဲ့ အပူတွေက အင်ဂျင်အပူချိန်ကို မြင့်တက်စေပါတယ်။ အင်ဂျင်ဝိုင်က ထိုအပူတွေကို ချောဆီပတ်လမ်းမှတဆင့် စုပ်ယူခြင်း၊ လွှဲပြောင်းခြင်းနှင့် ထုတ်လွှတ်ရန် ကူညီပေးပြီး အင်ဂျင်ရဲ့အစိတ်အပိုင်းများကို အေးစေတာပဲ ဖြစ်ပါတယ်။

၄။ သန့်စင်စေခြင်း

အင်ဂျင်ဝိုင်ရဲ့ သန့်စင်စေခြင်းစွမ်းအားက အင်ဂျင်ကျန်းမာရေးအတွက် အခြေခံအကျဆုံး အချက်လို့ပြောရင် မမှားပါဘူး။ အင်ဂျင်အတွင်း အနည်များနှင့် အညစ်အကြေးများကို သန့်ရှင်းစေခြင်းဖြင့် အင်ဂျင်ကို ပိတ်ဆို့ခြင်းနှင့် ပျက်စီးခြင်းမှ ကာကွယ်ပေးရုံမက အင်ဂျင်အစိတ်အပိုင်းများကို ကြာရှည်ခံစေပြီး အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေတာပဲ ဖြစ်ပါတယ်။

၅။ သံချေးကာကွယ်ခြင်း

အင်ဂျင်ဝိုင်ဟာဆိုရင် အင်ဂျင်အတွက် သံချေးဆန့်ကျင်ရေး ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ လောင်စာဆီလောင်ကျွမ်းမှုက သတ္တုအင်ဂျင်အစိတ်အပိုင်းများကို ပျက်စီးစေတဲ့ အဆိပ်ဖြစ်စေသောအက်ဆစ်များကို ထုတ်လွှတ်ပါတယ်။ ခေတ်မီအင်ဂျင်ဝိုင်များအတွင်းမှ ဖြည့်စွက်ပစ္စည်းများက ထိုအက်ဆစ်များကို ပျက်ပြယ်စေပြီး အက်ဆစ်များ၏ အဆိပ်သင့်ဆွေးမြေ့မှုကို လျှော့ချပေးတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေတို့ရဲ့ တန်ဖိုးထားရတဲ့ မော်တော်ကားအင်ဂျင်တွေကို သက်တမ်းကြာရှည်စွာ အသုံးပြုချင်တယ်ဆိုရင်တော့ အကောင်းတကာ့အကောင်းဆုံး အင်ဂျင်ဝိုင်ကို ရွေးချယ်အသုံးပြုပြီး အချိန်မှန် စနစ်တကျ စစ်ဆေးလဲလှယ်ဖို့ အကြံပြုလိုပါတယ်။
- အကောင်းတကာ့အကောင်းဆုံး မိုဘေးလ်အင်ဂျင်ဝိုင်များအကြောင်း အသေးစိတ်စုံစမ်းလိုပါက Hotline Phone No: 09 799799801-3 မှာ မေးမြန်းနိုင်ပါတယ် ခင်ဗျာ။